Our love story
2018ခုနှစ် ကိုးလပိုင်းလောက်ကပေါ့ G&G စတိုးမှာ အင်္ကျီအပြာရောင်လေးနဲ့ သူ့ကိုကျတော်စတွေ့ခဲ့တယ် အိမ်နေရင်းဝတ်စုံနဲ့ ဘာမိတ်ကပ်မှ မလိမ်းထားတာတောင် လှနေတဲ့သူ့ကို ကျတော်မြင်တိုင်း ရင်တွေတဒိန်းဒိန်းခုန်နေခဲ့တာ သူလာဝယ်နေကျ စတိုးမှန်းသိပြီးတာနဲ့ ကျတော့်ရဲ့ ညနေဘက်ခြေလှမ်းတိုင်းက စတိုးဆိုင်ဘက်ကို ဖြစ်နေခဲ့တာပါ မျက်မှန်းတန်းမိတာများလာတော့ နှစ်ယောက်သား ပြုံးပြဖြစ်ကြရင်း နောက်ဆုံးမှ မနေနိုင်တော့တဲ့ ကျတော်ကပဲ စပြီး စကားပြောကြည့်ခဲ့တယ် ရည်းစားရှိလားမေးတော့ ရှိတယ်လို့ပြောမှာကို အရမ်းစိတ်ပူနေခဲ့တာ ဆုတောင်းတွေပြည့်ခဲ့ပါတယ် သူလေးက singleတဲ့လေ Facebook accountတောင်းတော့ သူကသိပ်ပြီး မပေးချင်တဲ့ပုံပေါ်လို့ messengerမှာစကားလာပြောဖို့တောင် တစ်ပတ်လောက် စဉ်းစားလိုက်ရသေးတယ် နောက်ပိုင်းရင်းနှီးလာတော့ သူ့ရဲ့ နေ့စဉ်ပြဿနာတွေကိုတောင် ကျတော့်ကိုဖွင့်ပြောလာတယ် မှတ်မှတ်ရရ 12လပိုင်း 5ရက်နေ့မှာ အပြင်မှာမတွေ့ရဲလို့ ကျတော်သူ့ကို ဖုန်းဆက်ပြီး ဖွင့်ပြောခဲ့တယ် new year ညကျရင် အဖြေပေးမယ်တဲ့ ဒီလိုနဲ့ new yearညမှာ ကျတော်တို့စုံတွဲတွေဖြစ်လာခဲ့တယ် အဲ့ဒီနေ့က ဘဝမှာ အပျော်ဆုံးမို့လို့ ဘယ်နှနာရီမှာ ဘာလုပ်ခဲ့တယ်ဆိုတဲ့ အသေးစိတ်ကအစ အခုထိမှတ်မိနေတုန်းပဲ စတွဲကတည်းက ကိုယ်ဆိုးသမျှသည်းခံနားလည်ပေးလို့ကျေးဇူးပါနော် အချစ်လေးရေ ခုဆို သုံးနှစ်တောင် ကျော်လာခဲ့ပြီ အခုလိုပုံစံလေးအတိုင်းပဲ ဘိုးဘိုးဘွားဘွားဖြစ်တဲ့အချိန်ထိ ချစ်သွားကြမယ်နော်။
View of the space
1st Jan 2019
The photo NASA took on
our first date
လေးတွေက ဘာပြောလဲ
Taurus ဟာ စိတ်ကြီးတဲ့ လက်တွေ့သမားဖြစ်ပြီး Aquarius ဟာ စိတ်ကူးယဉ်ဆန်တာကြောင့် ရှေ့သွားနောက်လိုက်ညီတဲ့ အတွဲလို့တော့ ပြောလို့မရပါဘူး နှစ်ယောက်ဟာ အမူအကျင့် အရမ်းကွာခြားလို့ ဘေးလူတွေအနေနဲ့ စုံတွဲအဖြစ်မြင်ရတာကိုတောင် အံ့ဩမိကြတဲ့အထိ ဖြစ်ရတဲ့ စုံတွဲလေးပါ ဒါပေမယ့် မတူတာတွေကိုပေါင်းစပ်အသုံးချနိုင်မယ်ဆိုရင်တော့ စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ခရီးကို လျှောက်လှမ်းနိုင်မှာပါ
Relationship
များသောအားဖြင့် Aquarius ဘက်ကနေ Taurus ကိုချဉ်းကပ်တာကနေ စပါတယ် အိန္ဒြေကြီးတဲ့ Taurusကို စိတ်ဝင်စားလာအောင် စကားလုံးကောင်းကောင်းသုံးပြီး ပြောတတ်ပါတယ် တကယ်လို့ Taurus သာ Aquariusကို ကြွားလုံးထုတ်နေတာမဟုတ်ပဲ ရင်ထဲကလာတဲ့စကားတွေကိုပဲ ပြောနေတယ်လို့ ယူဆမယ်ဆိုရင် အချစ်ရဲ့ဆန်းကြယ်မှု နှစ်ယောက်လုံး စတင်ခံစားရပါလိမ့်မယ် ဒါပေမယ့် အချစ်ရေးတည်မြဲဖို့ဆိုတာ နှစ်ဖက်လုံးကနေ အားစိုက်ထုတ်မှုတွေအများကြီးလိုပါတယ် တစ်ခုဆိုတစ်ခု စိတ်စွဲကြီးတဲ့ Taurusအနေနဲ့ Aquarius ရဲ့ စိတ်ကူးယဉ်စွန့်စားခန်းတွေ အိမ်မက်တွေကို နားလည်ခံစားပေးဖို့ အရမ်းခက်ခဲသလို Aquariusဟာလည်း Taurusကို ဘဝင်ကျမှာ မဟုတ်လို့ပါ ဒါပေမယ့် တစ်နေ့နေ့တော့ Taurus အနေနဲ့ သူသဘောမကျခဲ့တဲ့ အထူးအဆန်းတွေကို စပြီးနှစ်သက်လာပြီး Aquariusအနေနဲ့လည်း Taurusဆီကနေ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုကို ခံစားရနိုင်ပါတယ်
Family
အတူနေတာကြာလာရင်တော့ Taurusနဲ့ Aquariusဟာ လက်ထပ်နိုင်ခြေများပါတယ် မင်္ဂလာပွဲအကြောင်း Taurus ဘက်ကစပြောလာရင် Aquariusကလည်း ငြင်းမှာမဟုတ်ပါ မင်္ဂလာပွဲစီစဉ်ကြတဲ့အခါ သဘောမတူတာလေးတွေကြုံတွေ့ရနိုင်ပါတယ် Taurusအနေနဲ့ သမရိုးကျအတိုင်း ခမ်းခမ်းနားနားကျင်းပချင်တာဖြစ်ပြီး Aquarius ကတော့ သူများနဲ့တမူထူးခြားစွာ ကျင်းပလိုတာဖြစ်တယ် ဒီအခြေအနေဟာ နှစ်ယောက်လုံးအတွက် တစ်ယောက်ကိုတစ်ယောက်ဘယ်လိုအလျော့ပေးရမလဲဆိုတာကို သင်ယူရမယ့်အချိန်ဖြစ်တယ် ကလေးယူရမယ့်အချိန်ဟာလည်း အငြင်းပွါးစရာတစ်ခုပါ အခြေအတည်တကျ ဖြစ်လိုတဲ့ Taurusဟာ မြန်နိုင်သမျှမြန်မြန် ကလေးယူလိုပေမယ့် ငယ်ရွယ်ချိန် ဝတ္တရားကင်းကင်းနဲ့ လွတ်လပ်စွာနေချင်တဲ့ Aquarius အတွက်တော့ စောလွန်းပါတယ် နှစ်ယောက်လုံးသဘောတူတဲ့အချိန်ကိုရောက်လာရင်တော့ မိဘကောင်းတွေဖြစ်ဖို့ နှစ်ယောက်လုံးကြိုးစားကြပါလိမ့်မယ် Taurusဟာ မိသားစုဘဝကို လုံခြုံပြီးနွေးထွေးအောင်ထားမှာဖြစ်ပြီး Aquariusကတော့ ကလေးတွေပျော်ရွှင်မှုနဲ့ ပညာရေးအတွက် တာဝန်ယူပါလိမ့်မယ်
Intimacy
အိပ်ယာပေါ်က အထိအတွေ့ကို မြည်းစမ်းကြည့်ချင်တဲ့ Aquariusအတွက် စိတ်အလိုကြီးတဲ့ Taurusက အလုံးစုံဖြည့်ဆည်းပေးနိုင်မှာပါ Aquarius ကနည်းနည်းလောက် ဂရုစိုက်မှု ကြင်နာမှုပြလိုက်တာနဲ့ Taurus ရဲ့ အိပ်ယာပေါ်က ရမက်ကို နိုးဆွပေးနိုင်ပါတယ် Taurusရဲ့ ဆန္ဒပြင်းပြမှသာ Aquarius ကလည်း အကောင်းဆုံးသော အတွေ့အကြုံကို ဖန်တီးပေးနိုင်မှာပါ